တနင်္သာရီမြို့နယ်တွင်ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခြင်း
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သဘာဝဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ယနေ့ နံနက် ၉နာရီအချိန်က ၂၀၂၁ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်းက မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် သဘာဝဘိုးဘွားရိပ်သာယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့နေကြသော ရေဘေးသင့်အိမ်ထောင်စု(၁၂)စုအတွက် ရေဘေး ကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းနှင့်အညီကျင်းပပြုလုပ်ရာ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး လှဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ ချောင်းငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကို၊ ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။