မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် (၁၀၆)အိတ် လှူဒါန်းပေး
Jul 31,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဝါဆို၊ ဝါကပ်တော်မူပြီးသော ပရိယတ္တိ၊ ပရိပတ္တိသာသနာ့လုပ်ငန်းများ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက မော်လမြိုင်မြို့ အောင်ဆန်းခန်းမ၌ လှူဒါန်းပေးကြောင်း သိရသည်။