ကျောက်ပန်းတောင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

ကျောက်ပန်းတောင်း ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို၊ ယနေ့ နံနက်(၈)နာရီမှစတင်၍ ဆေးထိုးစုရပ်နေရာ(၂)နေရာခွဲကာ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ကျောက်ပန်းတောင်းမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးလုံးရေ(၈၀၀) ကနဦးရရှိ ကြောင်းသိရပြီး၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ဦးစားပေးထိုးနှံသွားရန်စီစဉ်ထားကြောင်းသိရသည်။ ယနေ့ စတင်ထိုးနှံရာတွင် မြို့ပေါ်ရပ်ကွက်(၁၂)ရပ်ကွက်မှ သက်ကြီးဘိုးဘွား(၃၇၈၅)ဦးတို့ကို ၊ ကျန်းမာရေးဦးစီးဌာနညွှန် ကြားချက်များနှင့်အညီဖြစ်စေရန်အတွက် သာသနာ့ဗိမ္မာန်တွင် (၆)ရပ်ကွက်နှင့် မြို့နယ်အားကစားကွင်းတွင်(၆)ရပ်ကွက်ခွဲ ကာ ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးစုရပ်များတွင် စုရပ်တစ်ခုလျှင် ကျန်းမာရေးဝန်ထမ်း(၂၀)ဦး၊ ဌာနဆိုင် ရာအကြီးအကဲ(၅)ဦး၊မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ ထွေ/အုပ်ဝန်ထမ်း(၁၀)ဦး၊Volunteer(၁၀)ဦးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရပြီး၊ တစ်မြို့နယ်လုံးအနေဖြင့် ဆေးထိုးရန်လျာထားသည့် အသက်(၆၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွား(၂၅၄၃၉)ဦးရှိကြောင်းသိရသည်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံရာစုရပ်များသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)