မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားကြီများနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ရက် ၉၀ ဆန်များ ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်း ဇူလိုင် ၃၁ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုဖြစ်သည့် အနှေးယာဉ် လုပ်သားကြီးများနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလျက်ရှိသော ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ရက် ၉၀ ဆန်သန့်များ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က လမင်းသာစတိုးရှေ့၌ ပေးအပ်လှူဒါန်းသည်။ အဆိုပါ လှူဒါန်းမှုအတွက် အလှူရှင်များဖြစ်ကြသော လမင်းသာ (စတိုး) မိသားစုဝင်များမှ ကွယ်လွန်သွားပြီဖြစ်သော မိခင်ကြီး ဒေါ်ရှုဝှက် အား ရည်စူး၍ ၃ နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်အဖြစ် အနှေးယာဥ်လုပ်သားကြီးများ၊ ဆိုင်ကယ်ကယ်ရီသမားများနှင့် ချို့တဲ့သည့် မိသားစုဝင်များအတွက် ရက် ၉၀ ဆန်သန့် ၂ ပြီ ထုပ် ၆၀၀ ထုပ်အား သတ်မှတ်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး စနစ်တကျ ဆောင်ရွက်၍ လှူဒါန်းကြကြောင်း သိရှိရသည်။ အောင်အောင်