မော်လမြိုင် ဇူလိုင် ၃၁
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဝါဆို၊ ဝါကပ်တော်မူပြီးသော ပရိယတ္တိ၊ ပရိပတ္တိသာသနာ့လုပ်ငန်းများ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက မော်လမြိုင်မြို့ အောင်ဆန်းခန်းမ၌ လှူဒါန်းပေးကြောင်း သိရသည်။
လှူဒါန်းပေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း (၅၄) ကျောင်းတို့အတွက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဆန်အိတ် (၁၀၆)အိတ်ကို လည်းကောင်း၊ မွန်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့တို့က ဆီ၊ ကြက်သွန်၊ ပဲ၊ အစရှိသည့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ စေတနာရှင် ပြည်သူများ ကလည်း ရဟန်းသံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဆွမ်းဝေယျာဝစ္စ အဆင်ပြေ စေရန်အတွက် တစ်ဖက်တစ်လမ်းမှ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ပူးပေါင်းပါဝင် လှူဒါန်းပေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)