မန္တလေး ဇူလိုင် ၃၁
“မြို့နယ်အတွင်းမှာရှိတဲ့ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးအဘိုး/အဘွားတွေအတွက် ပထမ အကြိမ် ကာကွယ်ဆေး၊ ဒုတိယအကြိမ်ရောက်ရှိလာတာပါ။ ကျွန်တော်တို့မြို့နယ်အတွက် ခွဲတမ်း အလုံး (၉၀၀) ရောက်ရှိလာတာပါ။ ဒီကာကွယ်ဆေးတွေကို မြို့နယ်အတွင်းမှာရှိတဲ့ နေရာ (၅) နေရာမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမှာပါ” ဟု ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်သူစိုး ထံမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို (ဃ)ရပ်ကွက်ရှိ ပြည်သူ့ဝန်ဆောင်မှု ရုံး(OSS)ရုံး၊ သင်ပန်းကုန်းရပ်ကွက်ရှိ ဧရာဦးဓမ္မာရုံ၊ (ဆ)ရပ်ကွက်ရှိ ရွှေလှေဓမ္မာရုံ၊ တံခွန်တိုင်ရပ်ကွက်ရှိ မျိုးသိန်းဓမ္မာရုံနှင့် ထိန်ကုန်းရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံ တို့တွင် အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးအဘိုး/အဘွားများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)