နောင်ချို ဇူလိုင် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ငွေရည်ပုလဲကုမ္ပဏီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေး ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ညနေ ၄နာရီအချိန်က အဆိုပါ ပြည်သူ့ဆေးရုံ၌ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြို့ငွေရည်ပုလဲကုမ္ပဏီမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီး ရေးပစ္စည်းများဖြစ်သော PPE ဝတ်စုံ(၅၀) စုံ၊ 3 Ply Mask (၄၀၀၀) ခု ၊ ပိုးသတ်ဆေးပုံး ၂၀ လီတာ(၁)ပုံး၊ E-Gloves (၅၀) ပါ(၁၀)ဘူး၊ Vitamin C Tablet (၁၀၀၀)ပါ(၁)ဘူးနှင့် ကျန်းမာရေးသုံးဆေးဝါးများကို ထောက်ပံ့လှူ ဒါန်းပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကြည်တိုးနှင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာကိုကို တို့က လက်ခံရယူခဲ့ကြသည်။
အဆိုပါ လှူဒါန်းရရှိသည့် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စနစ်တကျအကျိုးရှိစွာ အသုံးပြုလျက်ရှိ ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)