ဒေးဒရဲ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇူလိုင်လ ၂၉ ရက်နံနက် ၈ နာရီက စတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် ၈နာရီက ဆေးထိုးစုရပ်( ၃ ) နေရာတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းပေးခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေး ဝန်ထမ်းများ က ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၉၂၈)ဦးထိုးနှံပေးပြီးဖြစ်ပြီး၊ ယခု အကြိမ်တွင် Sino Pharm ကာကွယ်ဆေး(၅၀၀)လုံးအား လူဦးရေ(၁၀၀၀)ဦးခန့် ထိုးနှံပေး သွားမည်ဖြစ်ရာ ဒေးဒရဲမြို့ အမှတ်(၁)၊ (၂)နှင့် အမှတ်(၃)ရပ်ကွက်များရှိ အသက် (၆၅)နှစ်နှင့် အထက် ရှိသူများကို အမှတ်အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက် ခန်းမတွင် လည်းကောင်း၊ ကျေးလက်နေပြည်သူများအတွက် နေရောင်ကာတိုက်နယ်နှင့် ကျုံဒါးတိုက်နယ် ဆေးရုံ အပိုင်အတွင်းရှိ ကျေးရွာများတွင် နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၃)နာရီထိ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
အေးမြမွန်