ရေဖြူမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်

ရေဖြူ   ဇူလိုင် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်း စုရပ် (၃) နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား စုရပ်များတွင် ဩဂုတ် (၁)ရက် နေ့နှင့်(၂)ရက်‌​နေ့၊ နံနက် (၈)နာရီမှ နေ့လည်(၂)နာရီအထိ လူမျိုးဘာသာမရွေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် စုရပ် (၃)နေရာဖြစ်သော  ရေဖြုမြို့ (ဂ)ရပ်ကွက် --က (၁)တွင်လည်းကောင်း၊ စုရပ်(၂)အဖြစ် အ--က ကံပေါက်တွင် လည်းကောင်း၊ စုရပ်(၃)အ--က ကလိန်အောင်တွင်လည်း‌​ကောင်း၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးသွားမည်ဖြစ်ပြီး  သက်ကြီး ဘိုးဘွားများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေး မထိုးနှံရသေးသော အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ရဟန်း သံဃာနှင့် သီလရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်း ချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ရေဖြူမြို့နယ်၊ ကိုဗစ်-၁၉‌​ရောဂါ ထိန်းချုပ်‌​ရေးနှင့်အ‌​ရေး​ပေါ်တုန့်ပြန်‌​ရေး​ကော်မတီထံမှ သိရသည်။

ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးမည်ဖြစ်‌ကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်‌​ကြောင်း သိရသည်။