ငပုတော ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများနှင့် အခြားလူနာများ အတွက် အောက်ဆီဂျင်အပြည့်အဝ ထောက်ပံ့ပေးနိုင်ရန်အတွက် စိန်ပန်းကျောင်းပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ ဦးဆောင်၍ မတည်အလှူရှင်နှင့် စေတနာရှင်ပြည်သူ များ၏ စုပေါင်းလှူဒါန်းမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် စိန်ပန်းကျောင်း တိုက်အတွင်း၌ အောက်ဆီဂျင်စက်ရုံတစ်ခု တည်ဆောက်လျက်ရှိကြောင်းသိရသည်။
အဆိုပါစက်ရုံ၌ ယခုလနောက်ဆုံးပတ်တွင် အောက်ဆီဂျင်စက်ပစ္စည်းများ တပ်ဆင်အသုံး နိုင်မည်ဖြစ်ကာ တပ်ဆင်မည့်စက်အမျိုးအစားမှာ 20Nm3/hr CANGAS -Medical Oxygen Generator ဖြစ်ပြီး တပ်ဆင်ပြီးပါက တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာ အလုံးရေ ၁၀၀ မှ ၁၂၀ ကြား ထွက်ရှိမည်ဖြစ်သည်။ စက်ရုံတည်ဆောက်ရာတွင် ခန့်မှန်းငွေကျပ် သိန်း ၁၅၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး စေတနာရှင်အလှူရှင်များလည်း ဆက်လက်လိုအပ်လျက်ရှိရာ အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါက စိန်ပန်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ ဖုန်းနံပါတ် ၀၉-၆၉၁ ၄၂၆ ၇၈၁၊ ၀၉-၄၂၂ ၅၆၆ ၄၆၄ နှင့် ဦးမြင့်ဌေး ဖုန်းနံပါတ် ၀၉-၉၇၃ ၁၅၆ ၁၁၂ နှင့် ၀၉-၇၇၀ ၉၂၉ ၃၂၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
လှမင်းထွဋ်