ဘူးသီးတောင် ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ခလရ(၂၆၃)မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ မြို့သစ်တောင်ရပ်ကွက်မှအမျိုးသမီး (၁)ဦး၊ အနောက်ရပ်ကွက်မှ အမျိုးသမီး (၁) ဦး၊ စုစုပေါင်း(၅)ဦးတို့သည် နေမကောင်းသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အမှတ်(၆) တပ်မတော်ဆေးရုံကုတင် (၂၅ )သို့သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အဆိုပါပိုးတွေ့လူနာများအား ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အမှတ်(၆) တပ်မတော်ဆေးရုံ ကုတင်(၂၅)ရှိ သီးသန့်အခန်း၌ ဆေးကုသမှုခံယူရန် နေရာချထားပေးလျှက်ရှိပြီး ၎င်းတို့နှင့်ဆက်စပ် သူများအား Home/Quarantine ဆောင်ရွက်ထားရှိကာ Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများအနက် သြဂုတ်လ(၁၈)ရက်နေ့နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၁)ဦးရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ ဩဂုတ်လ( ၁၈)ရက်နေ့ ညနေပိုင်းထိ ကိုဗစ်-၁၉ဓါတ်ခွဲ အတည်ပြုလူနာစုစုပေါင်း (၁၄၆)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၁၁၅)ဦး၊ သေဆုံးသူ (၆)ဦး၊ လက်ရှိဆေးကုသမှုခံယူနေသူ( ၂၅ )ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)