ရသေ့တောင် သြဂုတ် ၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀)အထက်နှင့် (၁၀၀) အောက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုပ်ငန်းစီစစ်ရေး အဖွဲ့တို့ပူးပေါင်း၍ သြဂုတ် ၁၇ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ တည်ဆောက်ရေးလုပ်ငန်းများအား စစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်(၁၄၃.၄၀၈)သန်းဖြင့် Westerm City ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ရသေ့တောင်မြို့၊ မြို့ပတ်လမ်း ကျန်အပိုင်း ကွန်ကရစ်ခင်းခြင်း၊ မြေထိန်းနံရံ ပြုလုပ်ခြင်း၊ လမ်းပုခုံးတစ်ဖက်(၃)ပေ ပြုလုပ်ခြင်းနှင့် Box Culvert (၃)စင်း(၁၆၈၅ ပေ၊ ၁၂ ပေ၊ ၈ လက်မ)၊ ၃(၁၈ ပေ၊ ၈ ပေ၊ ၅ ပေ) ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား စစ်ဆေးခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုပ်ငန်းစိစစ်ရေးအဖွဲ့သည် အရှေ့မြောက်ရပ်ကွက်ရှိ ရေစီး ရေလာ ကောင်းမွန်ရေးအတွက် ရေနှုတ်မြောင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သွားရောက် စစ်ဆေးခဲ့ကာ လိုအပ်သည်များအား တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့သည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါအောင် ဆောက်လုပ်ရေး ကုမ္ပဏီများက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုမှာ ၁၀၀% ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း