မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာကြည့်ရှုစစ်ဆေး

အထက်မင်းလှ       ဩဂုတ်   ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးရုံဝန်း အတွင်းရှိ မြေနေရာ၌ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် မြေနေရာတိုင်းတာခြင်း၊ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံတည်‌ဆောက်‌ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီခွဲ ကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။

မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံတည် ဆောက်ရန်အလျား ၅၀ ပေ၊ အနံ ၃၀ ပေ‌မြေနေရာရှိ ခြုံနွယ်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး၊ သြဂုတ်လ စတုတ္ထပတ်၌ အဆောက်အဦအား စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှသိရသည်။

ဇာဇာ(အထက်မင်းလှ)