တနိုင်း ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ ညနေ (၅)နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင်များ ရဲမှူးလှမြင့်၊ ဗိုလ်မှူးတေဇာအောင်၊ လဝကဦးစီးမှူး ဦးအောင်တိုး၊ ရပ်မိရပ်ဖ ဦးဇော်လွမ်းတူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းတို့က ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် ဈေးဆိုင်များအနေဖြင့် လက်ဆေးဘေစင်ထားရှိခြင်း ရှိ/မရှိ၊ ရောင်းချသူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ၊ စားပွဲပေါ်တွင် တစ်ဦးနှင့်တစ်ဦး ရောဂါ မကူးစက်စေရန် ပလပ်စတစ်အကာများ ထားရှိခြင်း ရှိ/မရှိ စစ်ဆေးပြီးCOVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာရန် စည်းကမ်းချက် များကို အသိပညာပေးမှာကြားခဲ့ကြောင်း သိရသည်။
ဝါဝါ (ပြန်/ဆက်)