အထက်မင်းလှ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် Stay at Home သတ်မှတ် စည်းကမ်းများအား ပြည်သူများလိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက င်းလှမြို့တာဘောင်ကြီးလမ်း၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကပြည်သူများနေအိမ်ပြင်ပသို့ အကြောင်းမဲ့ ထွက်ခွာမှု မရှိစေရေး၊ ဈေးဝယ်ထွက်ပါက တစ်အိမ်လျှင်တစ်ဦးနှုန်းထွက်ရန်၊ ဆေးရုံ၊ ဆေးခန်းသွားပါက ယာဉ်မောင်းအပြင်ယာဉ်ပေါ်တွင် နှစ်ဦးသွားလာရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် တစ်အိမ်ထောင်လျှင် တစ်ဦးသာ နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်အား ကိုင်ဆောင်၍ Mask စနစ်တကျ တပ်ဆင် သွားလာခြင်းရှိမရှိ စစ်ဆေးပြီး၊Stay at Home ကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ် ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ် အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာ ပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)