ဒဂုံ (ဆိပ်ကမ်း) သြဂုတ် ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ခံ၍ မြို့နယ်အတွင်း ပရဟိတ အသင်းများနှင့် ပူးပေါင်းပြီး အောက်စီဂျင် 10. 15. 20 လီတာဆန့် အိုးများကို တစ်နေ့လျှင် (40)အိုး အောက်ဆီဂျင်အ ရည် ဖြည့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအောက်ဆီဂျင်အရည်များကို တောင်ဒဂုံ စက်မှုဇုန်မှ အလှူရှင်တစ်ဦးမှ လှူဒါန်းပေးသွား မည်ဖြစ်ပြီး အမှန်တကယ် အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများအနေနှင့် အောက်ဆီဂျင်အိုး အခွံများဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်ပရဟိတအသင်းများထံသို့ ဆက်သွယ်အကူအညီ ရယူနိုင်ကြောင်း ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်ထံမှ သိရသည်။
မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာပေး ခြင်းလုပ်ငန်းများ စားနပ်ရိက္ခာကူညီထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် တခြားသော ဘေးအန္တရာယ် လျော့ပါရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် (အခမဲ့) ဆေးပေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
လဲ့လဲ့အေး