နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးကုတ် Quarantine Center သို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

 

တာချီလိတ် ဩဂုတ် ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုး တက်ရေးဦးစီးဌာနမှ မိုးကုတ် Quarantine Center သို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်း များနှင့် စားသောက်ကုန်များကို ယမန်နေ့က သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပ့ံလှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးအထောက် အကူပြု ပစ္စည်းများဖြစ်သော Handgel(၆)ဘူး၊ လက်သန့်ဖျန်းဆေးရည် (၆၀)ဘူး၊ နှာခေါင်းစည်း(၄၀) ဘူး၊ လက်အိတ် (၃)ထုတ်၊ မျက်နှာကာ(၂)ထုတ်၊တစ်ရှူးစက္ကူ( ၂) ထုတ်နှင့်စားသောက်ကုန်များ ဖြစ်သည့် ကြက်ဥ (၂၅)ကဒ်၊ အသင့်စားခေါက်ဆွဲခြောက်( ၆၀ )ဘူး၊သစ်သီးစုံဓာတ်ဆားထုတ် (၄) ဖာ၊ သောက်ရေသန့် ( ၂၀)ကဒ် စသည့် စုစုပေါင်းငွေကျပ်( ၅)သိန်း တန်ဖိုးရှိ ပစ္စည်း(၁၀)မျိုးကို နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးများဖွံဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မိုးကုတ် Quarantine Center  မှ တာဝန်ရှိသူ ဦးရဲနန္ဒာလင်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ(၃)ခုရှိပြီး မိုးကုတ် Quarantine Center တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ အမျိုးသမီး(၃၆)ဦး Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

 

ယာဆေး