ပုလော ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူဂန္ဓကုဋိကျောင်းတော်ကြီး၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ ညနေ (၃.၃၆)နာရီက ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။
ထိုသို့ ရွတ်ပွားပူဇော်ရာတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရား ကန့်တော့ခဲ့ကြပြီး၊ ပုလောမြို့နယ် သံဃနာယက အတွင်းရေးမှူး လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘန္တဒ္ဒကောဝိဒက တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသူများအနေဖြင့် ကပ်ရောဂါဘေးကင်းဝေးပြီး၊ ငြိမ်းအေးချမ်းသာစွာအကျိုးငှာ ဘေးဘယအေးချမ်းသာယာစွာဖြင့် ဘာသာအကျိုး၊ သာသနာ့အကျိုး၊ နိုင်ငံအကျိုးကိုသယ်ပိုးရွက် ဆောင်နိုင်ကြပါစေဟု မေတ္တာပို့ ဩဝါဒကထာမိန့်ကြားသည်။
ထိုနောက် ကြွရောက်ချီးမြှင့်ပေးသော ဆရာတော်သံဃာတော်များအား ပုလောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ၊ သံဃာတော် အရှင်သူမြတ်များက ရတနာသုတ်၊ မေတ္တာသုတ်၊ ဓါရဏပရိတ်၊ မဟာသမယသုတ်၊ သဗ္မုဒ္ဓေဂါထာ (၅)မျိုးနှင့် ပဗ္ဗာ ဇနိယ ကမ္မဝါစာများ တို့ကို ရွတ်ပွား ချီးမြှင့် တော်မူခဲ့ကြသည်။
ယင်းနောက် ပရိတ်တရာတော်များ ရွတ်ဆိုပူဇော်ခြင်း ကောင်းမှုကုသိုလ် အစုစုကို အမျှပေးဝေကာ ဗုဒ္ဓ သာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ အဆိုပါ အစီအစဉ်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀) မြို့နယ်လုံးတွင် တစ်ချိန်တည်း ကျင်းပပြုလုပ် ခဲ့ကြောင်း ပုလောမြို့နယ် သာသနာရေးဦးစီးဌာနမှသိရသည်။
အေးအေးမော်