ဂွ ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် သတ်မှတ်စည်းကမ်း များနှင့်အညီ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် တစ်အိမ်ထောင် လျှင် တစ်ဦးသာ အိမ်အပြင်ထွက်ကတ်ဖြင့် သွားလာရန် မိုဘိုင်းစနစ်ဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လူအများသွားလာမှု များသည့် နေရာများတွင် အရှိန်အဟုန်မြှင့် စိစစ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်ပြည်သူများ ကိုဗစ်ရောဂါ ကူးစက်ခံရမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာ ကြရန်၊ မလိုအပ်ဘဲ ပြင်ပသို့သွားလာခြင်း မပြုရန်၊ လူစုလူဝေး မပြုလုပ်ကြရန်၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာခြင်းမပြုကြရန်၊ တစ်အိမ်ထောင်လျှင် တစ်ဦးသာ အိမ်အပြင် ထွက်ကတ်ဖြင့် သွားလာရန်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသူများအား တည်ဆဲဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်