လောင်းလုံး ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ အောင်ချမ်းသာဘုရား၊ ဓမ္မာရုံ၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ ညနေ ၃နာရီ ၃၆ မိနစ် အချိန်က ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရား ကန့်တော့ခဲ့ကြပြီး လောင်းလုံး မြို့နယ် သံဃာနယကအဖွဲ့ဥက္ကဋ္ဌ ပဥ္စသီမော် ကျောင်းတိုက်ဆရာတော် ဦးကဥ္စနထံမှ ငါးပါးသီလခံယူပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်၊ ရတနာသုတ်၊ ဓာရဏပရိတ်၊သဗ္မုဒ္ဓေ ဂါထာ(၅)မျိုး နှင့် ကမ္မဝါစာများ မဟာသမယသုတ်တော်တို့ကို ရွတ်ပွားချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များအား လောင်းလုံး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ဦးအောင်ထိုက် ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦး ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်းထွန်းနှင့်တာဝန် ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပရိတ်တရာတော်များ ရွတ်ဆိုပူဇော်ခြင်း ကောင်းမှုကုသိုလ်များကို အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သ်မ်းခဲ့ကြောင်းသိရသည်။