ပင်လုံမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ စည်းကမ်းချက်များကို မလိုက်နာသူများအား အရေးယူခြင်းဆောင်ရွက်

ပင်လုံ  ဩဂုတ်   ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါကာကွယ်ရေး စည်းကမ်းချက်များကိုလိုက်နာခြင်း မရှိသူများအား ဒဏ်ငွေရိုက်အရေးယူမှုများ ပြုလုပ်ခဲ့ ပါသည်။

ယမန်နေ့တွင် လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဉီးစီးအရာရှိ ဉီးသောင်းထွန်းဇော် နှင့်ပင်လုံမြို့စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ပင်လုံမြို့ အုပ်ချုပ်ရေးမှူးဉီးမြင့်ဇော်နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဉီးစီးမှူး ၊ ပင်လုံမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီဒု-ဉက္ကဋ္ဌဉီးလောယုံ နှင့် ပင်လုံမြို့ဈေး ကော်မတီ မှတာဝန်ရှိ သူများက ပင်လုံမြို့ဈေးအတွင်း ကွင်းဆင်းစစ်ဆေးပြီး နောက်ရောဂါကာကွယ်ရေးအတွက်  ကျန်းမာရေးဝန်ကြီး ဌာန နှင့် လွိုင်လင်မြို့နယ် စည်ပင်သာရေးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်း မရှိသည့် ဈေးရောင်းချသူများ၊ ဈေးဝယ်သူ(၂၂)ဉီးအား တစ်ဉီးလျှင် ငွေကျပ် ၅၀၀ စီ ဒဏ်ငွေရိုက်အရေးခဲ့ပြီး၊ ဈေးအတွင်း ဖွင့်လှစ်ရောင်းချခွင့် မပြုထားသည့် ဆိုင်(၁)ဆိုင် အားအရေးယူဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ပင်လုံ(ပြန်/ဆက်)