မင်္ဂလာဒုံမြို့နယ်၌ ဘုန်း​တော်ကြီး​ကျောင်း၊ သာသနာ့နွယ်ဝင် သီလရှင်​​​ကျောင်းနှင့် အိမ်​ထောင်စု (၁၀၀၀)စုတို့အတွက် ကာလဒါနလှူဒါန်း

မင်္ဂလာဒုံ   ဩဂုတ်  ၂၃

ရန်ကုန်တိုင်း​ဒေသကြီး​၊ ​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်၁၉-​ရောဂါ ကာကွယ်​ရေးနှင့်ကုသ​ရေး အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်၁၉-​ရောဂါ ကာကွယ်​ရေးနှင့် ကုသ​ရေး မြို့နယ်အ​ထောက်အကူပြုအဖွဲ့မှ ဦး​ဆောင်၍ မြို့နယ်အတွင်း ကိုဗစ်၁၉-​ရောဂါ​ ကြောင့် ​သေဆုံးသွား​သော မိသားစုဝင်များ၏လူမှု​ရေး ၊စီးပွား​ရေး ၊ကျန်းမာ​ရေး ၊မိသားစုဝင်များစားဝတ်​နေ​ရေးနှင့် အခက်အခဲများဖြစ်​ပေါ်လျှက်ရှိ​သောရပ်ကွက်များကို ကြိုတင်စာရင်း​ကောက်ယူပြီးကာလဒါန အလှူရှင်များကိုဖိတ်ကြား၍ လှူဒါန်းလျှက်ရှိရာ ယ​နေ့ နံနက်(၇)နာရီက ဘုန်း​တော်ကြီး​ကျောင်း (၄၈၁) ကျောင်း၊သာသနာ့နွယ်ဝင်သီလရှင်​ကျောင်း (၆၆၁)ကျောင်းနှင့် အိမ်​ထောင်စုဝင် (၁၀၀၀) ကို အ​ခြေခံစားသောက် ကုန်(၅)မျိုး ဆန်၊ဆီ၊ကြက်ဥ၊​ခေါက်ဆွဲ၊ကြာဆံတို့ကို အလှူရှင်​ကျော်ကုမ္ပဏီ ၊​ရွှေစင်္ကြာ​မော်​တော်ယဉ်လိုင်း၊ မင်္ဂလာဒုံရတနာ ဓါတ်ဆီဆိုင်တို့၏ ဝန်ထမ်းများက ဘုန်း​တော်ကြီး​ကျောင်း၊ သီလရှင်ကျောင်း နှင့် အိမ်များသို့ သွား​ရောက် လှူဒါန်းခဲ့​ကြောင်း သိရသည်။

လှူဒါန်းရာတွင် မင်္ဂလာဒုံမြိုနယ် သံဃနာယကဥက္ကဋ္ဌ ဆရာ​တော်အား ဝတ္ထု​​ငွေငါး​သောင်း(၅၀၀၀၀/-)ကျပ်၊ ရပ်ကွက်သံဃနာယက ဆရာ​တော်ကို ဝတ္ထု​ငွေငါး​သောင်း(၅၀၀၀၀/-)ကျပ်နှင့် ၁၆ပြည်ပါ ဆန်တစ်အိတ် ၊ဘုန်း​တော်ကြီး​ကျောင်း​ပေါင်း(၄၈၁)ကျောင်းကို တစ်​ကျောင်းလျှင် (၁၆) ပြည်ပါ ဆန်တစ်အိတ် နှင့်ဆီ၁ပိသာ ၊သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးဆရာ​လေး​ကျောင်း(၁၆၆) ကျောင်း တစ်​ကျောင်းလျှင်(၁၆)ပြည်ပါ ဆန် တစ်အိတ် နှင့်ဆီငါးဆယ်သားဗူးတစ်ဗူး၊ ကြက်ဥတစ်ကဒ်၊ ယမ်ယမ်​ခေါက်ဆွဲတစ်ဖာ၊ အိမ်​ထောင်စု (၁၀၀၀) ထောင်ကို တစ်အိမ်လျှင် (၆)ပြည်ပါဆန်တစ်အိတ်၊ ဆီ၅၀ကျပ်သားတစ်ဗူး၊ ယမ်ယမ် ဆယ်ထုပ်၊ကြက်ဥ၁၀လုံး၊ ကြာဇံတစ်စီးတို့ကို အိမ်အ​ရောက်သွား​ရောက်ပြီး ကာလဒါလှူဒါန်းခဲ့​ကြောင်းသိရသည်။

မျိုးသန့်