ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေးဒုတိယ အကြိမ်ထိုးနှံမှုဆောင်ရွက်

 

ပုဗ္ဗသီရိ ဩဂုတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာ အထက်တန်း ကျောင်းတွင်   ၂၃-၈-၂၀၂၁ရက်နေ့၌ ဌာနဆိုင်ရာဝန်ထမ်းများ အား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမီတာဝန်ရှိသူများက စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ချက် နှင့်ကိုက်ညီမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိဝန်ထမ်း (၇၉၀)ဦးတို့ကို  မြို့နယ်ခုတင်(၅၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးအဖွဲ့ဝင်များက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မျိုးသီဟ