သဲကုန်း ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကိုလှူဒါန်း လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားရာတွင်"သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် 80ml လုံးထွက်ရှိသော Oxygen Plant အမြန်ဆုံးတည်ဆောက်နိုင်ရန်အတွက် မြို့နယ်အလုပ်အမှု ဆောင်ကော်မတီမှ ကုမ္မဏီများဖြင့် အမြန်ဆုံးဆက်သွယ်ဝယ်ယူရန်၊ အများပြည်သူလုပ်ငန်းဖြစ်သဖြင့် စနစ်တကျ စီမံခန့်ခွဲ၍ ဝယ်ယူရန်၊ မြို့နယ်အတွင်း သတ်မှတ်ထားသောအလှုငွေများ အပြည့်အဝ နယ်မြေများအလိုက် ဆက်လက်အလှုခံသွားရန်" စသည်ဖြင့် ပြောကြားသွားသည်၊၊
ထို့နောက် လှူဒါန်းပွဲအခမ်းအနား ဆက်လက်ကျင်းပရာခဲ့ရာပုတီးကုန်းမြို့မှအလှူငွေ ၇၅ သိန်း၊ဆင်မြီးဆွဲမြို့မှ အလှူငွေ ၇၀ သိန်း၊အင်းမမြို့မှ အလှူငွေ ၆၀ သိန်း၊ဝက်ပုတ်နယ်မြေမှ အလှူငွေ သိန်း ၄၀ အား တာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးယဉ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးခင်မောင်အေးတို့မှ လက်ခံရယူခဲ့သည်။
သဲကုန်းမြို့နယ်တွင် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံသည်တစ်ရက်လျှင် (၄၀)လီတာ ဝင်အိုးအလုံး(ဂ၀)ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ထားကာ ကုန်ကျစရိတ်အနေဖြင့် အဆောက်အဦအပါအဝင် ကျပ်သိန်း(၁၀၀၀)ခန့်ကုန်ကျမည်ဖြစ်ပြီး ယခုလက်ရှိအခြေအနေ အထိ အလှူငွေ ၈၀% ခန်း ရရှိနေပြီဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
နိုင်လင်း