အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းသို့ လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန်အတွက် အောက်ဆီဂျင်အိုး များလှူဒါန်း

ရန်ကုန် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ် သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် အောက်ဆီဂျင်အိုးများကို ယမန်နေ့ နံနက်ပိုင်းက ကြက်ခြေနီအသင်းရုံးတွင် လာရောက်လှူဒါန်းခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ ကြက်ခြေနီ အသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် Myanmar Trading Co.Ltd မှ တာဝန်ရှိသူများက အောက်ဆီဂျင် (၄၀)လီတာ(၁၅)အိုး၊ (၁၅)လီတာ(၅)အိုးနှင့် Flow Meter (၁၇)ခု တို့ကို  လှူဒါန်းရာ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ အလှူရှင်သည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး ကြက်ခြေနီ အသင်းမှ အရေးပေါ်လူနာတင်ယာဉ်ကားတစ်စီးကိုလည်း ယနေ့အချိန်အထိ စက်သုံးဆီများကို ကူညီ ဖြည့်ပေးပြီး လိုအပ်သော အကူအညီမှန်သမျှကိုလည်း ဆောင်ရွက်ပေးနေကြောင်း ကြက်ခြေနီအသင်းက တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။

အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို