အရာတော်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၈)ဦး ရောဂါလက္ခဏာများ ပျောက်ကင်း၍ နေအိမ် ပြန်ခွင့်ရရှိ

အရာတော် သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၈)ဦးတို့တွင် ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီဖြစ်၍ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ် တုံ့ ပြန်ရေးကော်မတီမှ သိရသည်။

ယင်းသို့ နေအိမ်ပြန်ခွင့်ရရှိသူများမှာ အရာတော်မြို့နယ်၊ အမှတ် ၁ မှ (၁) ဦး၊ အမှတ် ၃ မှ(၄) ဦး၊ ရဲချင်း​ကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာမှ (၁) ဦး၊ ဝက်ခဲကျေးရွာအုပ်စု၊ ​ကြွေပုဂံကျေးရွာမှ (၁) ဦး၊ မကျီးကန်ကျေးရွာအုပ်စု၊ ပါရမီကျေးရွာမှ(၁)ဦး၊ စုစုပေါင်း (၈)ဦးဖြစ်ကာ သြဂုတ်လ(၁၃)ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT (Rapid Tesk Kit) ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံနှင့် အားကစားခန်းမတို့တွင် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ပျောက်ကင်းသွားပြီဖြစ်၍ နေအိမ်သို့ ပြန်ခွင့် ပြုခဲ့ကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်များအား နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်စေခဲ့ကြောင်း သိရသည်။

အရာတော်မြို့တွင် မေလ ၂၇ ရက်နေ့မှ ယနေ့အထိ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၈၅၂) ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၇၉၇)ဦး၊ ကုသဆဲလူနာ (၃၃)ဦး၊ သေဆုံးလူနာ (၂၂)ဦးရှိ ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။