ကျောက်တံခါး သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများအား ကိုဗစ်-၁၉ ကာလ အတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ ညနေပိုင်းက ဆန်တစ်ပြည်တစ်ထောင်ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည် နှုန်းဖြင့် စုစုပေါင်း ဆန်အိတ်(၂၅)အိတ်အား မော်တော်ယာဉ်များဖြင့် ရပ်ကွက်၊ ကျေးရွာအတွင်းသို့ လိုက်လံ ရောင်းချပေးခဲ့သည်။
ဆက်လက်၍ ကျောက်တံခါးမြို့နယ်အတွင်းမှ ဆင်းရဲနွမ်းပါးပြည်သူများအား ရပ်ကွက်၊ကျေးရွာများအရောက် နေ့စဉ်ဆက်လက် ရောင်းချပေးမည် ဖြစ်ပြီး စုစုပေါင်းရောင်းချပေးရန် ဆန်အိတ် (၅၀၀)အား စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
စန်းစန်း