လင်းခေးမြို့တွင် ပန်းခင်းစီမံချက်ကြော်ငြာပိုစတာစုပေါင်းစိုက်ထူ
Aug 27,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးနေခြင်းအား မြို့နယ်အတွင်းရှိ အများပြည်သူတို့သိရှိနိုင်ရန်အတွက် ကြော်ငြာပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈နာရီက လင်းခေးမြို့(လင်းခေး-ဝမ်ဟတ်သွားလမ်း)နံဘေးတွင် စိုက်ထူရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခေတ္တခရိုင်မှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းတင်မိုးဆွေ၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းလှကျော်နှင့် ခရိုင်/မြို့နယ် လဝကဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက် စုပေါင်းစိုက်ထူခဲ့ကြသည်။