သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ခေမာရဌ်ရိပ်သာ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 27,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြသည်။
ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်ပြည်သူ့ဆေးရုံကြီး၊အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လွိုင်လင်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆေး (Sinophram) အားဒုတိယ အကြိမ်ထိုးနှံပေး
Aug 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် အမှတ်( ၁ ၊ ၂ ၊ ၃ )ရပ်ကွက်များရှိ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားမျာအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ အထက(၁)အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကျန်ရှိသောအမှတ်(၄)ရပ်ကွက်အား ဩဂုတ်လ ၂၉ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်ရှိ ကျေးရွာ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်း (၄၅)ခု ရာနှုန်းပြည့်ပြီးစီး
Aug 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်း ၄၅ခု ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် သင့်တင့်သော စျေးနှုန်းမှန်ဖြင့် ရောင်းချနိုင် ရေးကြည့်ရှု့စစ်ဆေး
Aug 27,2021
ကိုဗစ် - ၁၉ ကာလတွင်စျေးကွက်အတွင်းကာကွယ်၊ကုသရေး၊ ဆေးဝါး၊ဆေးပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေးသတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် အောက်ဆီဂျင်များကို နေ့စဉ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။
မိုးညိုမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
Aug 27,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အ​ရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အနီးကပ်ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များအား စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်တွင် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။