အုတ်တွင်းမြို့နယ်၌ မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း တူးဖော်‌ဆောင်ရွက်

အုတ်တွင်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်း သာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေနုတ်မြောင်းများတူးဖော်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့ ကြက်သွန်ခင်း-၁ ရပ်ကွက်နှင့် မြို့တွင်းရေမြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်များ ရှင်းလင်းပေးခြင်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စက်ယန္တရားများဖြင့်  ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ရေမြောင်းအတွင်း ပိတ်ဆို့နေသောအမှိုက်များ သယ်ယူရှင်းလင်းခြင်းနှင့် တူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)