စစ်ကိုင်း မေ ၂၄
စစ်ကိုင်းမြို့နယ်၊ ကုန်းရွာကျေးရွာတွင် ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့ ပူးပေါင်း၍ နိုငံသားစိစစ်ကတ်များ ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါ ကျေးရွာရှိ ဓမ္မာရုံ အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
"ပန်းခင်းစီမံချက်နဲ့ ဒီကျေးရွာမှာရှိတဲ့ ပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်တွေ/ အိမ်ထောင် စုစာရင်းတွေ ပြုလုပ်ဆောင်ရွက်ပေးတာပါ တစ်ဆက်တည်းမှာဘဲ ကျန်းမာရေးဦးစီးဌာနနဲ့ ညှိနှိုင်းပြီး ကျေးရွာပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပါ ထိုးနှံပေးလိုက်တယ် ကိုဗစ်-၁၉ ကာကွယ် ဆေးကတော့ အခုလို ကွင်းဆင်းထိုးနှံပေးနေသလို နေ့စဉ်မြို့ပေါ်မှာလည်း စုရပ်တွေသက်မှတ်ပြီး ထိုးနှံ ပေးနေပါတယ်"ဟု မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာသို့ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်