လူမှုဖူလုံ​ရေးရုံးတွင် အကျုံး၀င် မှတ်ပုံတင်ထားသူများအား အကျိုးခံစားခွင့် ထုတ်​ပေး

ရွှေဘို  မေ ၂၄

အလုပ်သမား​ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် လူမှုဖူလုံ​ရေးရုံးမှ အကျုံးဝင်မှတ်ပုံတင် ထားသူများအား ၂၀၁၂ လူမှုဖူလုံ​ရေးဥပ​ဒေ နှင့်အညီ ကျန်ရစ်သူအား အကျိုးခံစားခွင့်ထုတ်​ပေးခဲ့​ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် သဖန်းဆိပ်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ  နှာခေါင်းကင်ဆာရောဂါဖြင့် သေဆုံးသွား သည့် အာမခံအလုပ်သမား ဦးဝင်းခိုင်စိုး၏ နာရေးစရိတ် အကျိုးခံစားခွင့်  ခွင့်ပြုငွေကျပ် ၁၂၅၄၀၀၀/-အား ၂၄.၅.၂၀၂၂ ရက်နေ့တွင် ရွှေဘိုမြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဒေါ်စိုးသန္တာထွန်းက စက်ရုံမှ တာဝန်ရှိသူများရှေ့မှောက်တွင် ကျန်ရစ်သူ ဇနီးအားချက်လက်မှတ် ခွင့်ပြုထုတ်ပေးခဲ့​ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်