ဘားအံ မေ ၂၄
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ပိုက်ကျော်ခြင်းအသင်းအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည် နယ်ပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလားများ ရယူဆွတ်ခူးနိုင်ခဲ့သည့် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ကြောင်း၊ ယခုပြိုင်ပွဲမှနေ၍ ထူးချွန်ထက်မြတ်သည့် အားကစားသမားများကို ရွေးချယ်ပြီး ဇူလိုင်လအတွင်း နေပြည်တော်၌ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ကရင်ပြည်နယ်ကိုယ်စားပြုအနေဖြင့် သွား ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ မိမိတို့အသင်းအောင်မြင်မှုရရှိရေးအတွက် အားကစားစိတ်ဓါတ်ပြည့်ဝစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ အားကစားသမားကောင်းပီသစွာဖြင့် အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် မြဝတီမြို့နယ်အမျိုးသားအသင်းနှင့် သံတောင်ကြီးမြို့နယ် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် မြဝတီမြို့နယ်အမျိုးသားအသင်းက နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အမျိုးသား(၇)သင်း၊ အမျိုးသမီး(၇)သင်း ဝင် ရောက်ယှဉ်ပြိုင်ကြပြီး မေလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကာ အနိုင်ရဗိုလ်စွဲသည့် အသင်းများအား ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)