သတင်းများ

ဝက်လက်မြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့မှစတင်၍ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဇလွန်မြို့၌ ပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေး Mask Campaign ဆောင်ရွက်
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်၍ စနစ်တကျ သွားလာမှုရှိစေရေး အသိပညာပေးအနေဖြင့် Mask Campaign ကို ယနေ့ နံနက် ၇ နာရီအချိန်က မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့တွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မုဒုံမြို့၌ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသူများအား အကျိုးခံစားခွင့်ထုတ်ပေး
May 25,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများမှ အာမခံအလုပ်သမားတို့၏ အလုပ်ခွင် ထိခိုက်ဒဏ်ရာရရှိမှုအတွက် လူမှုဖူလုံရေးအဖွဲ့က အမြဲတမ်းမသန်စွမ်းမှုနှင့် သက်ဆိုင်သည့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဖူးရှင်းဘရားသား(စ်) ရာဘာစက်ရုံတွင် ပြုလုပ်ကျင်းပသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့မှုပေးအပ်
May 25,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့၌ မေလ၂၂ ရက်နေ့နံနက်ပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နောင်တခိုကျေးရွာအုပ်စုနှင့် ဝင်းလုံကျေးရွာအုပ်စုတွင် လူနေအိမ်(၃)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး လူဦးရေ(၁၆)ဦး ဘေးဒုက္ခကြုံတွေ့၍ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၁၄၀၀၀၀၀)ကျပ်ခန့် ပျက်စီးခဲ့ကြောင်းသိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Talk Show) ပြုလုပ်
May 25,2022
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကိုးခန်းကြီးလိုဏ်ဂူ (သို့)  ဝတ်ကြီးလိုဏ်ဂူထဲမှ ရှေးဟောင်းယဉ်ကျေးမှု နံရံဆေးပန်းချီများ
May 25,2022
ကိုးခန်းကြီးလိုဏ်ဂူ (သို့) ဝတ်ကြီးလိုဏ်ဂူသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မှန်ကင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ရှိကာ လိုဏ်ဂူအတွင်းမှ နံရံဆေးပန်းချီများမှာ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်ဝန်းကျင်က ရေးဆွဲခဲ့ကြကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
May 25,2022
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့်က မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟင်္သာတမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်မှာကြား
May 25,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ ညနေပိုင်းက ဟင်္သာတမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။