သဲကုန်း မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားရစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရှားပြင်ကြိုးဝိုင်း အကွက်အမှတ်(၅၀)၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးကြိုသစ်ပင်စိုက်ပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်တောဦးစီးဌာမှဦးစီးအရာရှိ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ် စသည့် ပျိုးပင်ပေါင်း(၁၅၀)ကို စုပေါင်းစိုက်ပျိုးခဲ့သည်။
ဝင့်နန္ဒာဌေး