လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

လှိုင် မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ် (၁၂) ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ် (First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက် (၁၈) နှစ်နှင့် အထက်ရှိ သူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၂၃၃) ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် အသက် (၁၈) နှစ်ပြည့်ပြီးနှင့် အထက်ရှိသူများ ပထမအကြိမ် စုစုပေါင်း (၅၂) ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း (၇၉) ဦးရှိကြောင်း သိရှိရသည်။ လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက် (၁၈) နှစ် နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်လျက်ရှိ‌ကြောင်း သတင်းရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)