သတင်းများ

ကံမမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေး
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က ကျောက်ပဒေါင်းကျေးရွာအုပ်စု သို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ပခုက္ကူမြို့နယ်တွင် စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ကိုးထောင်ရှစ်ရာကျော်ရှိပြီဖြစ်
Dec 02,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာတော် ကြီးများအပါအဝင် လူမျိုးမရွေး၊ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊အကျဉ်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ကိုးထောင်ရှစ်ရာကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
ဟုမ္မလင်း၌ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည်ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်
Dec 02,2021
ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်တွင် အဆိုပါရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ 
Dec 02,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကျေးရွာဖွံံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် Community Centreတွင် ချည်ဖြင့်ပန်းကလစ်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Dec 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centreတွင် ချည်ဖြင့်ပန်းကလစ်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လက်တွေ့သင်ကြားပေးခဲ့သည်။
လမိုင်းမြို့၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေး
Dec 02,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှအသက်(၂)အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကလမိုင်းမြို့ကျေးလက်ကျန်းမာရေး ဦးစီးဌာန၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်‌ကျွန်းကုန်း‌ကျေးရွာအုပ်စုတွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Dec 02,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်(၈)နာရီက ‌ ကျွန်းကုန်း‌ကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်းဆောင် ရွက်‌ပေးခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း၌ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ
Dec 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ဟုမ္မလင်း ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။