ဟုမ္မလင်း၌ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည်ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

ဟုမ္မလင်း ဒီဇင်ဘာ ၂

ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်တွင် အဆိုပါရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့် လှစ်သည့် သင်တန်းသည် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုသည့် တစ်နိုင်တစ်ပိုင်လုပ် ငန်းဖြစ်၍ သင်တန်းသား/သူများအတွက်များစွာ အကျိုးရှိပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် စိတ်ပါဝင် စားစွာနှင့် တတ်မြောက်အောင် သင်ကြားစေလိုပါကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းသင်တန်းကို ဟုမ္မလင်းမြို့နယ် အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ သင်တန်းသား/ သူ(၃၀)ဦးအား (၁-၁၂-၂၀၂၁)ရက်နေ့မှ (၅-၁၂-၂၀၂၁)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ဧဆက်(ဟုမ္မလင်း)