လယ်ဝေး ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centreတွင် ချည်ဖြင့်ပန်းကလစ်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လက်တွေ့သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် သင်တန်းဆရာမ လယ်ဝေးမြို့နယ်ရုံးမှ ဒေါ်နေရည်ဝန်းရွှေက သင်တန်းသူများအား ချည်ဖြင့် ပန်းကလစ် ပြုလုပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့်ပြုလုပ်ပုံအဆင့်ဆင့်ကို ဒီဇင်ဘာ(၂)ရက်နေ့အထိ လက်တွေ့ သင်ကြားပေးခဲ့သည်။ လယ်ဝေးမြို့နယ်ရုံး Community Centreတွင် လစဉ်အသက်မွေးဝမ်းကြောင်း သင်တန်းများ၊ အားကစားလှုပ်ရှားမှုများ၊ စာဖတ်ဝိုင်း၊ အသိပညာပေးTalk Show၊ စာအုပ် မိတ်ဆက် အစီအစဉ်၊ အသိပညာဖြန့်ဝေခြင်းစသည့်အစီအစဉ်များကိုရိုက်ကူး၍ Onlineမှထုတ်လွှင့် တင်ဆက် ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)