ဖားကန့် ဒီဇင်ဘာ ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကျေးရွာဖွံံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ - ၂၀၂၂ ဘဏ္ဌာရေးနှစ် ပထမ(၆)လအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ကရိန်မှ အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးကျော်မှ ကျောက်သွေးတောင်ကျေးရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀)အားလွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးကျော်နိုင်လင်းမှ တောမှော်ကျေးရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀)အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်