လမိုင်း ဒီဇင်ဘာ ၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှအသက်(၂)အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကလမိုင်းမြို့ကျေးလက်ကျန်းမာရေး ဦးစီးဌာန၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို လမိုင်းမြို့ ကျေးလက်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်း များက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါ ၊ ပိုလီယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ် ဆေးထိုးနှံပေးခြင်း ဆက်လက်ဆောင်ရွက်လျက်ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)