ပခုက္ကူမြို့နယ်တွင် စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ကိုးထောင်ရှစ်ရာကျော်ရှိပြီဖြစ်
Dec 02,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာတော် ကြီးများအပါအဝင် လူမျိုးမရွေး၊ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊အကျဉ်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ကိုးထောင်ရှစ်ရာကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။