သတင်းများ

မင်္ဂလာဒုံ မြို့နယ်ရှိ စော်ဘွား VT စက်ရုံရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပေး
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းလျှော့ချ နိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် စက်ရုံဝန်ထမ်းများ အား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက မင်္ဂလာဒုံမြို့နယ်၊ စော်ဘွား VT စက်ရုံရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
Dec 02,2021
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီကျေးရွာ၊ ရွာဦးဘုန်းတော်ကြီး ကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၁)ကို ဖွင့်လှစ်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်​ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှသိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျော့ချရေးနှင့် ကျောင်းနေကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အ.ထ.က ကျောင်း(၈)နေရာ တို့တွင် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံလျက်ရှိသည်။
ကျောင်းကုန်းမြို့တွင် အသက်မွေးဝမ်းကျောင်း လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်လှစ်
Dec 02,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်လှစ်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးလက်ရုံး၌ ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ စျေးများအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်း ဆောင်ရွက်
Dec 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ နယ်အမှတ် ၂ ရပ်ကွက်ရှိရန် ကင်းစံပြဈေးရုံအား စျေးရောင်းစျေးဝယ်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စျေးရောင်းချရေးကွင်ဆင်း ဆောင်ရွက်ခြင်းယနေ့မွန်းလွဲ (၁) နာရီကဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ဝေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ      
Dec 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး သည့် ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့ခန်းမ၌ ဆေးထိုးစုရပ်(၂)နေရာ၊ ဆေးထိုးစုရပ် (၁၀) စုခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အိမ်သုံးမီတာများမှ Digital မီတာများ ပြောင်းလဲ တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယူနစ် ပျောက်ဆုံးမှု လျော့နည်းကျဆင်း​ရေးနှင့် AMI စနစ် အကောင်အထည်ဖော်နိုင်ရေး အတွက် Analog အိမ်သုံးမီတာများမှ Digital မီတာများသို့ ပြောင်းလဲတပ်ဆင်ရေး လုပ်ငန်းများကို (၃)လအတွင်း (၈.၁၁.၂၀၂၁)မှ (၃၁.၁.၂၀၂၂) အထိ အပြီးဆောင်ရွက်သွားမည်ဖြစ်သည်၊၊