ဟုမ္မလင်း ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ဟုမ္မလင်း ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် သာသနာ့ ဇောတိက မြို့မကျောင်း ဆရာတော် ဘန္ဒန္တဣန္ဒဝံသက ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဩဝါဒအဖွင့်အမှာစကား မိန့်ကြားတော် မူသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်က ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်ချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးကာ ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ပေး ရန်တိုက်တွန်းပြောကြား သည်။
ထိုနောက် ဟုမ္မလင်း တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းက ဟုမ္မလင်းမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသည် ယခင်က အရေးပေါ်ဌာန (OPT) သာဖွင့်လှစ်၍ ပြည်သူများကို ဝန်ဆောင်မှုပေးခဲ့ရာမှ ယနေ့တွင် ဆေးရုံပြန်လည် ဖွင့်လှစ်ပြီးဖြစ်၍ မိမိတို့အနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် တတ်အားသမျှ ပူးပေါင်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်ခြင်းကို ဝန်ထမ်းအခြေအနေအရ ဖျားနာကုသဆောင် (၁)ဆောင်ကိုသာ စတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး ဝန်ထမ်းအင်အား ပြည့်မီလာပါက အခြား ကုသဆောင်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဧဆက်(ဟုမ္မလင်း)