သတင်းများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင်ရတိုင်းတွင် အသုံးပြုရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနှင့် ကာကွယ် ကုသရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 01,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းငေါ့ မြို့တွင် Online မှတစ်ဆင့်စက္ကူအရုပ်‌ပြုလုပ်နည်းဆောင်ရွက်
Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိကြောင်းသိရသည်။
အမ်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 01,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများ၊ တပ်ရင်း/တပ်ဖွဲ့များသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယုမြို့၌ မြို့တွင်းကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက်လိုက်ပြီး လှည့်လည်စစ်ဆေး မှုများကို ရှောင်တခင်ပြုလုပ်သွားမည်
Dec 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာမှု အပေါ် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့များက မြို့တွင်း ကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက်လိုက်သော်လည်း လှည့်လည်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ် သွားမည်ဖြစ်သည်။
ရေဦး၌ ကိုယ်၀န်ဆောင်မိခင်နှင့်ကလေးများ လစဉ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်တွင်းရှိ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီကအဆိုပါဌာန၌ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင်  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်၅၅နှစ်နှင့်အထက်ပြည်သူများအား  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို   မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးထိုးစုရပ်အဖြစ် သတ်မှတ်၍ နေ့စဉ် နံနက် (၉)နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် မြေပြိုဘေးအန္တရာယ် အများပြည်သူ အသိပညာပေး (Talk Show) ကျင်းပ
Dec 01,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မြေပြိုဘေးအန္တရာယ် အများပြည်သူအသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ( ၁၈ )ဦး ဆေးရုံမှဆင်းခွင့်ရ၊ (၁၀)ဦးထပ်မံစစ်ဆေး တွေ့ရှိ
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျှက်ရှိသည့် နိုဝင်ဘာ ( ၂၁ )ရက်နေ့က ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၈)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ယမန်နေ့နံနက်ပိုင်းက ဆေးရုံမှဆင့်ခွင့်ပြုခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine အဖြစ် (၇)ကြာ ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။