အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်
Nov 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန် စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊မင်းကြီးလမ်း လမ်းဘေးဝဲ/ယာရှိ လမ်းနှင့်မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းခြင်း၊ အမှိုက်များ၊ ချုံနွယ်များနှင့် မြက်များကို ယနေ့ နံနက်(၉)နာရီ အချိန်က ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။