သတင်းများ

ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမဆေးထိုးစုရပ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို ဒေသခံပြည်သူများသို့ ဦးစားပေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
နာဂဒေသ၊ ပန်ဆောင်မြို့တွင် ထပ်တရာပန်း စိုက်ပျိုးခြင်းကြောင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင်ကျေးရွာအများစုက တစ်ပိုင်တစ်နိုင် ထပ်တရာပန်း စိုက်ပျိုးခြင်း‌ကြောင့်ပုံမှန်ဝင်ငွေရရှိနေကြောင်း ကျေးရွာဒေသခံပြည်သူများ ထံမှသိရသည်။
သဲကုန်းမြို့နယ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး အရေးယူ
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သီတဂူကျောင်းရှေ့ရှိ မြို့အဝင်/အထွက် စောင့်ကြည့် စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး အရေးယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းဖွင့်လှစ်
Dec 01,2021
ရှမ်းပြည်နယ်၊ မူဆယ်မြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ကျေးသီးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် ရပ်ကွက်၊ ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့မဈေးနှင့် စကုမြို့မဈေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်
Dec 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ဈေးများ၌ ပြည်သူများ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဈေးမီးဘေးလုံခြုံရေးတို့အတွက် အသိပညာပေး ဆွေးနွေးခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လည်ပိုင်းက မင်းဘူးမြို့မဈေးနှင့် စကုမြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ စိုက်ပျိုးရေးနည်းပညာပေးသင်တန်း ပို့ချခြင်းနှင့် တောင်သူများအား လက်တွေ့ သရုပ်ပြသခြင်းပြုလုပ်
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး၌ ဒီဇင်ဘာလ ၁ ရက်၊ နံနက် ၉ နာရီ အချိန်က စိုက်ပျိုးနည်းပညာပေးသင်တန်းပို့ချခြင်းနှင့် တောင်သူများအား လက်တွေ့သရုပ် ပြသခြင်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ကြောင်း သိရှိရပါသည်။
  ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေးကတ် တစ်သောင်းနှစ်ထောင်ကျော်နှင့်  အိမ်ထောင်စုလူဦးရေးစာရင်း လေးရာကျော် ထုတ်ပေးပြီးစီး
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် တစ်သောင်းနှစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေးစာရင်း လေးရာကျော် ဆောင်ရွက်ပေးနိုင်ခဲ့ ပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။