တိုက်ကြီးမြို့နယ်တွင် အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်
Dec 02,2021
ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၁)ကို ဖွင့်လှစ်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။