သတင်းများ

နမ္မတူတွင် ပံ့ပိုးကူညီသော ခေါင်းဆောင်မှုကောင်း ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 30,2021
Women’s LEAD အဖွဲ့မှဦးဆောင်၍ နမ္မတူမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက် ဆိုင်ရာအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ ပူးပေါင်း၍ ပံ့ပိုးကူညီ သော ခေါင်းဆောင်မှုကောင်း ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Nov 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာ (၂)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း  သိရသည်။
ဖား​ဆောင်းမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ​ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး စတင်ထိုးနှံ​ပေး
Nov 30,2021
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ​ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ယ​နေ့ နံနက်(၈)နာရီက ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း ၌ စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစိုးလွင် လှိုင်းဘွဲမြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရာသို့ လာရောက်ကြည့်ရှု
Nov 30,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ပြား ကိုင်ကြစို့” ဆောင်းပုဒ်နှင့်အညီ ကျေးရွာနေပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ပေးခဲ့ရာ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစိုးလွင်က လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်
Nov 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ စာသင် ကျောင်းများယနေ့နံနက်(၈)နာရီအချိန်မှ ပြန်လည်ဖွင့်လှစ်ကြောင်းသိရသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) ကျင်းပ
Nov 30,2021
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
မြဝတီမြို့၌  အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 30,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကွဲမှု အောက်ရှိ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ် တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်  အဆိုပါ သင်တန်း ကျောင်းသင်တန်းခန်းမ၌ ကျင်းပရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်မှတက်ရောက်၍ သင်တန်း ဖွင့်အမှာစကားပြောကြားသည်။
လမ်းမတော်မြို့နယ် UMFCCI တွင်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (အ- ၈/၁၉-၂၂) ကျင်းပ
Nov 30,2021
လမ်းပတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (အ- ၈/၁၉ -၂၂) ကို ယမန်နေ့တွင် Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့် အလုပ်သမားများ ကာကွယ်ဆေးထိုးနှံရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒရေးရာနှင့် သုတေသန စာတမ်းများ အကြံပြု တင်ပြခြင်းများ ဆောင်ရွက်ရန်ရှိခြင်း၊ စီးပွားရေးဆိုင်ရာ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိခြင်း၊ အသေးစား၊ အလတ်စား၊ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် MSME Association of Myanmar အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး အသင်းချုပ်တွင် MSME Service Centre ထားရှိ၍ ယင်းမှတစ်ဆင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအား ကူညီပြီးဆောင်ရွက်ဖို့စီစဉ်လျက်ရှိခြင်း၊ အသင်းချုပ်၏ သတင်း အချက်အလက် များ သိရှိနိုင်ရန် Mobile App တည်ထောင်ထားရှိခဲ့ခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်ထား ရှိကြောင်း ပြောကြားခဲ့သည်။