သတင်းများ

မက်မန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းကို လုပ်ငန်းဆောင်ရွက်မည့် မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု ကောင်းခွပ် ကျေးရွာသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ဘဝရှေ့ဆောင်ရပ်ကွက် စာကြည့်တိုက် (၁၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ
Nov 29,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ဘဝရှေ့ဆောင် စာကြည့်တိုက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် ဘဝရှေ့ဆောင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ကျောက်တော်မြို့၌ အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 29,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ စေတနာရှင်ပြည်သူများ၊ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါစက်ရုံ အဆောက်အဦရှေ့ ကွင်းပြင် ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ဘဝရှေ့ဆောင်ရပ်ကွက် စာကြည့်တိုက် (၁၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ
Nov 29,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ဘဝရှေ့ဆောင် စာကြည့်တိုက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် ဘဝရှေ့ဆောင်စာကြည့်တိုက်၌ ကျင်းပခဲ့ သည်။
ပန်းတနော်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) သီးညှပ်သရုပ်ပြ စိုက်ပျိုးခြင်းနှင့် မျိုးစေ့ ပေးအပ်
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတုံးကလေးကျေးရွာအုပ်စုတွင် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) သီးညှပ်သရုပ်ပြ စိုက်ပျိုးခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ မြို့မဈေးတွင်  ယမန်နေ့ နံနက် ၁၀ နာရီက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့သည်။
ကာမိုင်းမြို့ ပေ ၉၀၀ တံတား အောက်ခြေ ရေတိုက်စား၍ ပျက်စီးခဲ့သည့်နေရာအား ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Nov 29,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဧရိယာအတွင်း ကာမိုင်း-လဝါးသွား ကားလမ်းမ ပေါ်ရှိ ပေ(၉၀၀)တံတား အောက်ခြေသည် မိုးတွင်းကာလဖြစ်သည့် အောက်တိုဘာ(၂၂)ရက်နေ့က ချောင်းရေတိုက်စား၍ တံတားချဥ်းကပ်ကားလမ်း အနံ(၂၀)ပေ၊ အလျား(၂၀)ပေခန့် ပျက်ကျခဲ့သဖြင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအား အဆက်ပြေ‌ချောမွေ့စေရန် ပေ(၄၀)အရှည် ယာယီတံတား ထိုးခဲ့သည့် နေရာနှင့် ချောင်းရေတိုက်စားမှုကြောင့် နန့်ကောင်းချောင်းကမ်းပါးပြိုကျမှု အခြေအနေများကို ကချင်ပြည်နယ် တံတားအထူးအဖွဲ့(၁)မှ DSE ဦးစောဇာနည်လှ၊ ကချင်ပြည်နယ် မြစ်ချောင်းများ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်မှူး ဦးစိန်လွင်ပါဝင်သည့် အဖွဲ့ဝင်(၅)ဦးတို့က နိုဝင်ဘာ(၂၇)ရက် နံနက်(၁၀) နာရီခန့်တွင် ကာမိုင်းမြို့သို့ ရောက်ရှိကာ မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ မြို့လမ်းဦးစီးဌာန တာဝန်ခံ JE ဦးဘုန်းနိုင်၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့နှင့် အတူ အဆိုပါနေရာအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။